Friday, March 27, 2009

ပိတောက်သစ္စာ

Photobucket


လမ်းမပေါ်မှာ ရွှေရောင်ဝင်းဝါ

တစ်နှစ်တစ်ခါ ကျရောက်လာ...

မြေခရှာတဲ့ ပိတောက်ပွင့်တွေတော့

ငါ့ကိုမသိ...။

ဒါပေမယ့် ဒီပိတောက်ပင်ကြီးတော့

တချိန်က ငါနဲ့ကောင်မလေးတစ်ယောက်

ဆော့ကစားခဲ့တာကိုတော့

သူသိရှာတယ်...။

အရာရာပြောင်းလည်းခဲ့သလို

ပိတောက်ပင်ကြီးလည်း အိုရှာနေပြီပေါ့

ဒါပေမယ့် သူ့တာဝန်တော့

သူကျေသားပဲ...။

ကောင်မလေးကော

ပိတောက်ပင်ကြီးလိုပဲလား

အပျိုကညာ လှသွေးကြွယ်နေ
ရှာမပေါ့...။

အင်းပေါ့လေ...

ငါတောင်ပြောင်းလည်းနေပြီပဲ

တစ်နှစ်တစ်ခါမှရောက်လို့လာတာ

ပိတောက်ပင်ကြီးတောင်မှတ်မိနေမှပေါ့...။

အခုမှအမှတ်ရတယ်

ငါနဲ့ကောင်မလေး ပိတောက်ပင်ကြီး

ပင်စည်မှာ အသဲပုံလေး

ရေးထွင်းခဲ့တယ်လေ...။

ဟင်...အသဲပုံလေးရဲ့

အလယ်မှာတော့ မောင်မောင် တဲ့

ငါ့နုတ်ကနေ ရွတ်ဆိုနေမိတယ်

မောင်မောင်...။

ထိုအခိုက် ငါ့နားထဲ

ကြားရလိုက်တာကတော့

မောင်မောင် လို့ခေါ်လိုက်တဲ့

ကောင်မလေးရဲ့အသံပါပဲ...။

အော်...ကောင်မလေးရယ်

ပိတောက်လိုပဲ ငါ့အပေါ်

သစ္စာရှိစွာစောင့်နေတာပါလား

ရင်ခွင်အစုံနွေးထွေးစွာနဲ့...။

Tuesday, February 17, 2009

စိတ္တဇချစ်သူ

♥ ချစ်ခြင်းအစ


Nick Name ကလို့ပြောရမလား


သူမ Nick Name လေးက မိုးနတ်မယ်တဲ့ ...


♥ သူမ Nick Name လေးကို မြင်လိုက်ရတာနဲ့


ကျွန်တော်သူ့အလိုလို ပြုံးနေမိတယ်...


♥ သူမနဲ့ Chat နေစဉ်အတွင်းမှာ


ကျွန်တော့်စိတ်တွေ ပျော်ရွှင်နေမိတယ်...


♥ သူမအသံလေး ကြားလိုက်ရတာ


ကျွန်တော့် နှလုံးသားလေးကို လှုပ်ခါသွားစေတယ်...


♥ သူမဓါတ်ပုံလေး မြင်လိုက်ရတော့


ကျွန်တော့ နှလုံးသားတစ်နေရာမှာ သူမရောက်ရှိနေခဲ့ပြီ...


♥ သူမကို VZO မှာမြင်လိုက်ရတော့မှ


ကျွန်တော် သူမကိုချစ်မိနေပြီလေ...။

Friday, February 13, 2009

ဒို့ဗိုလ်ချုပ်

Thursday, February 12, 2009

ရူးသွပ်ခြင်း

မမျှော်လင့်ဘူးပြောပေမယ့်

ရင်ထဲတစ်နေရာက

တိုးတိတ်စွာ မျှော်လင့်မိပါတယ်...

မရနိုင်ဘူးပြောနေပေမယ့်

မသိစိတ်တစ်နေရာက

တမ်းတစွာ လိုချင်မိပါတယ်...

မဖြစ်နိုင်ဘူးဆိုပေမယ့်

အသည်းတစ်နေရာက

မရဲဝံစွာ တောင်းတနေမိတယ်...

မဆုံနိုင်တော့ဘူး ထင်ပေမယ့်

နှလုံးသားရဲ့

အနှက်ရှိုင်းဆုံးနေရာက

ရူးသွပ်စွာ၊ပြင်းပြစွာ

ဆုံနိုင်ခွင့်ကိုတောင့်တရင်း...။

Tuesday, December 23, 2008

Happy New Year 2009

2009

2009 နှစ်သစ်မှာသူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

777



 
m © 2007 Template feito por Templates para Você